ဟိုးရှေးရှေးတုန်းက, ရတနာသိုက်ကြီးတစ်ခုကိုရှာဖွေနေတဲ့လူငယ်တစ်ယောက်ရှိခဲ့တယ်။ ရတနာမြေပုံကသူ့လက်ထဲမှာရှိနေပြီး သံလိုက်အိမ်မြှောင်လည်းပိုင်ဆိုင်ထားပါတယ်။ ပြီးတော့ ရတနာသိုက်ထဲမှာ ရတနာတွေအများကြီးသေချာပေါက်ရှိတယ်ဆိုတာလည်း သူသိတယ်။ ဒါပေမယ့် အဲ့ဒီလူငယ်ဟာရတနာသိုက်ဆီကိုရောက်အောင်မသွားနိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့လက်ရှိတည်နေရာကိုမသိလို့ပါ…။

Careerမှာလည်း အဲဒီလိုအဖြစ်မျိုးတွေရှိတယ်လို့ထင်ပါတယ်။ ကိုယ့်ရဲ့Careerတိုးတက်ဖို့အတွက် ကိုယ့်ရဲ့လက်ရှိတည်နေရာကို တိတိကျကျသိရှိထားဖို့ အရမ်းအရေးကြီးပါတယ်။ ဒါမှသာ ကိုယ်ရဲ့နောက်ခြေလှမ်းတစ်လှမ်းက ဘယ်ဘက်ကိုဦးတည်ပြီးလှမ်းရမှာလဲဆိုတာကိုသိနိုင်မှာပါ။

コメント