Posted on Facebook : 2023/3/5
Microsoftဆိုတာ1995မှာထုတ်လုပ်လိုက်တဲ့Windows95နဲ့တစ်ကမ္ဘာလုံးရဲ့Computerစျေးကွက်ကိုသိမ်းပိုက်ပြီးရွှေထီးဆောင်းခဲ့တဲ့ကုမ္ပဏီတစ်ခု။ ComputerဆိုWindowsဆိုတဲ့ခေတ်တစ်ခုကိုတည်ထောင်ခဲ့ပြီးအခုထိ Computerစျေးကွက်ရဲ့70%ကျော်ကWindows Computerတွေပါ။ ဒါပေမယ့်, Smart Phoneခေတ်၊ SNSခေတ်မှာနောက်ကျကျန်နေခဲ့ပြီး GAFAရဲ့ခေတ်ဖြစ်ခဲ့တယ်။
အဲ့ဒီနောက်, Subscription Serviceတွေ၊ Cloud Service(Azure)တွေနဲ့Microsoftဟာ ပြန်လည်ဦးမော့လာပြီး GAFAMဖြစ်လာခဲ့ပေမယ့် GAFAကိုကျော်တက်ဖို့မတတ်နိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ Computerစျေးကွက်ထက် Smart Phoneစျေးကွက်ကအရမ်းကြီးထွားနေလို့ပဲ။
အခုတော့ နန်းကျဘုရင်Microsoftရဲ့တန်ပြန်တိုက်စစ် စပါပြီ။ ဒီတစ်ခါသူကိုင်လာတဲ့လက်နက်ကChat GPTပါ။ Chat GPTဆိုတာ တစ်ခုခုသိချင်တာရှိတာကိုမေးလိုက်ရင် အသေးစိတ်ကျပြီးနားလည်လွယ်အောင်ပြန်ဖြေပေးတဲ့ ChatAIပါ။ ဘယ်လောက်အထိဥာဏ်ကောင်းလဲဆို MBAရဲ့မေးခွန်းတွေကိုဖြေခိုင်းတာ အောင်မှတ်ကျော်အောင်ဖြေနိုင်တဲ့အထိပဲ။ အဲ့လောက်အထိဥာဏ်ကောင်းတဲ့Chat GPTကိုစတင်မိတ်ဆက်ပြီးတစ်လကျော်အကြာမှာ Googleကသူ့ရဲ့ဝန်ထမ်းတွေကို🛑Code Red!(အရေးပေါ်အခြေအနေ)ကြေငြာလိုက်တယ်။ ဘာဖြစ်လို့Code Redတောင်ကြေငြာဖို့လိုတာလဲဆိုတော့ လူတွေကGoogleကနေရှာဖွေမှုတွေမလုပ်တော့ဘဲ Chat GPTကိုမေးရုံနဲ့ လိုချင်တဲ့အဖြေရတဲ့အနာဂတ်က ရုတ်တရက်ကြီးနီးကပ်လာလို့ပါ။ Googleရဲ့ဝင်ငွေ80%လောက်ဟာ Search Engine Businessကရနေတာဆိုတော့ သူတို့ရဲ့Businessကြီးပျောက်ပျက်သွားနိုင်လောက်တဲ့အထိအန္တရာယ်ကြီးတယ်။ Googleကလည်းငြိမ်မနေပါဘူး။ Chat GPTနဲ့ယှဉ်ဖိုက်ဖို့ Bardကိုမိတ်ဆက်လိုက်တယ်။
Chat GPTကMicrosoftကထုတ်တာမဟုတ်ပါဘူး။ OpenAIဆိုတဲ့ကုမ္ပဏီကထုတ်တာပါ။
ဒါပေမယ့်, Microsoftကသူ့ရဲ့ရာဇဝင်မှာအကြီးမားဆုံးငွေပမာဏနဲ့ OpenAIကုမ္ပဏီထဲကိုInvestmentလုပ်ထားပြီး အဓိကအချက်၃ချက်ကိုစာချုပ်ထဲထည့်ထားတယ်။
- MicrosoftကInvestmentလုပ်ထားတဲ့ငွေတွေအကုန်ပြန်ရတဲ့အချိန်အထိ OpenAIကုမ္ပဏီရဲ့အမြတ်ငွေ75%ကိုMicrosoftကရမယ်။
- OpenAIကုမ္ပဏီရဲ့ရှယ်ယာ49%ကို Microsoftကပိုင်တယ်။
- OpenAIကုမ္ပဏီရဲ့နည်းပညာကိုMicrosoftရဲ့Cloud Serviceဖြစ်တဲ့Azureကသာတစ်ဦးတည်းမူပိုင်သုံးစွဲခွင့်ရမယ်။
ဒီတစ်ခါMicrosoftကစိန်ခေါ်လိုက်တာ Googleတင်မဟုတ်ဘူး။ Amazonလည်းပါတယ်။ Amazonနဲ့ဘာဆိုင်လို့လဲလို့ ထင်ကောင်းထင်လိမ့်မယ်။ Amazonမှာလည်းCloud Serviceဖြစ်တဲ့AWSဆိုတာရှိတယ်။ Microsoftနဲ့OpenAIရဲ့စာချုပ်ပါအဓိကအချက်၃ချက်ထဲက တတိယမြောက်အချက်- AzureမှာChat GPTကိုတပ်ဆင်ပြီးAWSကိုဖိုက်တော့မယ်။
Computerခေတ်ကစပြီးSmart Phone/SNSခေတ်လွန်AIခေတ်မှာဘယ်သူကရွှေထီးဆောင်းမလဲ?
Vs Google
Vs Amazon
တစ်ချိန်ကဘုန်းမီးနေလတောက်ခဲ့တဲ့
နန်းကျဘုရင်တစ်ယောက်ရဲ့တန်ပြန်တိုက်စစ်တွေ၊ လက်ရှိခေတ်ကိုလွှမ်းမိုးထားသူတွေရဲ့ထီးနန်းထိန်းသိမ်းဖို့အတွက်တီထွင်ကြံဆမှုတွေကို AIခေတ်ထဲမှာဘယ်လိုတွေမြင်တွေ့ရမလဲ?
AIခေတ်ရဲ့Revolutionကြီးတစ်ခုက
တဖြည်းဖြည်းနဲ့ဇာတ်ရှိန်မြင့်လာတော့မယ်။
コメント