【ဝန်ထမ်းခံစားခွင့်”Stock Option”ဆိုသည်မှာ…】

အချို့ကုမ္ပဏီတွေမှာဝန်ထမ်းခံစားခွင့်တွေထဲကတစ်ခုအဖြစ် Stock Optionဆိုတဲ့စနစ်ရှိတယ်။ များသောအားဖြင့် 上場(စတော့ရှယ်ယာစျေးကွက်စာရင်းဝင်)ကုမ္ပဏီတွေ၊ Ventureကုမ္ပဏီတွေ၊ Start-upကုမ္ပဏီတွေမှာတွေ့ရတတ်တယ်။ ဘယ်လိုစနစ်လဲဆိုတော့…

Stock ဆိုတာ စတော့ရှယ်ယာကိုပြောတာ။

Option ဆိုတာ ရွေးချယ်ခွင့်ကိုပြောတာ။

Stock Optionဆိုတာ စတော့ရှယ်ယာကိုဝယ်ယူဖို့ရွေးချယ်ခွင့်ပါ။ သတ်မှတ်ချက်ပြည့်တဲ့ဝန်ထမ်းတစ်ယောက်က ကိုယ်လုပ်နေ(လုပ်ခဲ့)တဲ့ကုမ္ပဏီရဲ့စတော့ရှယ်ယာကို ကြိုတင်သတ်မှတ်ထားတဲ့စျေးနှုန်းနဲ့ဝယ်ယူခွင့်ကိုခေါ်ပါတယ်။

ဥပမာပြောရရင် Canonဟာသူ့ကုမ္ပဏီရဲ့ board members(CEO/執行役員)တွေအလုပ်ထွက်တဲ့အခါ အလုပ်ထွက်ပြီး၁၀ရက်အတွင်းCanonရဲ့စတော့ရှယ်ယာတွေကို ရှယ်ယာတစ်ခု¥1နဲ့ဝယ်ယူခွင့်ရှိတဲ့ Stock Optionစနစ်ရှိတယ်။ လက်ရှိ(2025/3/7)Canonရဲ့ရှယ်ယာပေါက်စျေးက ¥4,924ရှိပေမယ့် board members(CEO/執行役員)ကအလုပ်ထွက်ပြီး၁၀ရက်အတွင်းဝယ်မယ်ဆို¥1နဲ့ဝယ်လို့ရတယ်။ Stock share investmentမှာသေချာပေါက်၁၀၀%အမြတ်ရမယ့်နည်းလမ်းကိုရှာတွေ့ခဲ့ပြီ😂

Ventureကုမ္ပဏီထဲမှာဆို 2018တုန်းက 上場(စတော့ရှယ်ယာစျေးကွက်စာရင်းဝင်)ဖြစ်ခဲ့တဲ့メルカリကနာမည်ကြီးတယ်။ 上場(စတော့ရှယ်ယာစျေးကွက်စာရင်းဝင်)မတိုင်ခင်မှာ ဝန်ထမ်းတွေကိုStock Optionပေးထားတော့ 上場(စတော့ရှယ်ယာစျေးကွက်စာရင်းဝင်)လည်းဖြစ်ပြီးရော ရှယ်ယာစျေးတွေထောင်တက်ပြီး တစ်ချို့ဝန်ထမ်းတွေဆို億(Hundred Million)အထိရကြတယ်လို့သတင်းထဲမှာပါလာခဲ့ဖူးတယ်။

Rakutenဆိုရင် ဝန်ထမ်းရဲ့Performanceပေါ်မူတည်ပြီး Rakutenရှယ်ယာအခု၁၀၀ကို¥1နဲ့ တစ်နှစ်၂ခါအထိဝယ်ခွင့်ရှိတယ်။

上場(စတော့ရှယ်ယာစျေးကွက်စာရင်းဝင်)မဖြစ်သေးတဲ့ Ventureကုမ္ပဏီဆီ Stock Optionလိုချင်တာတစ်ခုတည်းနဲ့အလုပ်ပြောင်းမယ်ဆိုရင် လောင်းကစားနည်းနည်းဆန်တယ်ဆိုတာကိုတော့သိထားပါ။ ဘာလို့လဲဆိုတော့ 上場(စတော့ရှယ်ယာစျေးကွက်စာရင်းဝင်)မဖြစ်ရင် ရထားတဲ့Stock Optionကအသုံးမဝင်တဲ့စက္ကူစုတ်တစ်ခုလိုဖြစ်သွားမှာမို့လို့ပါ။

コメント

タイトルとURLをコピーしました