
ဒီပင်စင်စနစ်ဟာ အသက်60ပြည့်တဲ့အချိန် ဂျပန်ပြင်ပ(ဥပမာ, မြန်မာပြည်)မှာရှိနေလည်း အကျိုးခံစားခွင့်ရှိတဲ့၊ ကိုယ်အသက်ကြီးလာတဲ့အခါငွေကြေးပိုင်းဆိုင်ရာအပူအပင်ကင်းဖို့အတွက် အရမ်းအရေးပါတဲ့စနစ်ပါ။
企業型確定拠出年金(အောက်မှာ企業型DCလို့ပဲရေးပါမယ်)အကြောင်းကိုမလေ့လာခင် အရင်ဦးဆုံးဂျပန်ရဲ့ပင်စင်စနစ်ဖွဲ့စည်းပုံကိုသိထားဖို့လိုအပ်ပါတယ်။
【ဂျပန်ရဲ့ပင်စင်ဖွဲ့စည်းပုံအကြမ်းဖျင်း】
အပေါ်ကLinkမှာရေးထားတဲ့အတိုင်း 企業型DCစနစ်ဟာဂျပန်ပင်စင်စနစ်ရဲ့၃လွှာမြောက်ကပင်စင်စနစ်ဖြစ်ပါတယ်။
🤔 ဘယ်သူကငွေသွင်းရတာလဲ?
💡 ကုမ္ပဏီဘက်ကနေ ဝန်ထမ်းရဲ့企業型DC Accountထဲကိုလစဉ်ထည့်ပေးပါတယ်။ လစာအပြင်အပိုအကျိုးခံစားခွင့်အဖြစ်ထည့်ပေးတာဖြစ်ပြီး အဲ့ဒီငွေဟာဝန်ထမ်းရဲ့နှစ်စဉ်အခွန်တွက်တဲ့အထဲမှာမပါဝင်ပါဘူး။ လစဉ်ထည့်ပေးတဲ့ငွေပမာဏက ကုမ္ပဏီပေါ်/ရာထူးပေါ်မူတည်ပြီးတော့ကွဲပြားတတ်ပြီး တစ်လကို ထောင်ဂဏန်းကနေသောင်းဂဏန်းအထိထည့်ပေးပါတယ်။
🤔 ကုမ္ပဏီကထည့်သွင်းပေးတဲ့ငွေတွေကိုဘယ်သူကစီမံခန့်ခွဲရတာလဲ?
💡 ကုမ္ပဏီကငွေထည့်သွင်းပေးတာပဲရှိပြီး အဲ့ဒီငွေတွေကိုစီမံခန့်ခွဲရမှာက (ဝန်ထမ်း)ကိုယ်ကိုယ်တိုင်ပါ။ ဘဏ်အပ်ငွေလိုပုံစံမျိုးကနေ စတော့ရှယ်ယာ၊ ငွေချေးစာချုပ်(Bond)၊ Fundစတာတွေထဲရင်းနှီးမြှုပ်နှံလို့ရတဲ့ပုံစံအထိ ရွေးချယ်စရာအမျိုးမျိုးရှိတယ်။ ဒီရွေးချယ်မှုကအရမ်းအရေးကြီးတယ်❗️Risk & Returnကိုစဉ်းစားပြီးကိုယ့်အတွက်သင့်လျော်တဲ့အရာကိုရွေးချယ်နိုင်ဖို့လိုတယ်။
🤔 သွင်းထားတဲ့ငွေတွေကို အချိန်မရွေးထုတ်ယူလို့ရလား?
💡 ယေဘူယျစည်းမျဉ်းအရ အသက်60ပြည့်တဲ့အထိ ဒီငွေတွေကိုထုတ်ယူလို့မရဘူး။ အသက်60မပြည့်ခင်ပြန်ထုတ်လို့မရတဲ့အတွက် အသက်ကြီးတဲ့အခါသုံးစွဲဖို့အသေအချာစုဆောင်းဖြစ်သွားပါတယ်။ ခြွင်းချက်အနေနဲ့ အသက်60မပြည့်မှီထုတ်ယူလို့ရတဲ့ခွင့်ပြုချက်တွေရှိပေမယ့် ပုံမှန်လူကဘယ်လိုမှမဖြစ်နိုင်တဲ့အချက်တွေမို့လို့ ထည့်မရေးတော့ဘူး။
🤔 အခွန်ကရော ဘယ်လိုခံစားခွင့်တွေရှိလဲ?
💡 ဒီစနစ်ကိုသုံးပြီး ရင်းနှီးမြှုပ်နှံလိုက်လို့ရလာတဲ့အမြတ်အစွန်းအပေါ်မှာ အခွန်ဆောင်စရာမလိုဘူး။ဒါ့အပြင် အသက်60ပြည့်လို့ထုတ်ယူတဲ့အခါမှာလည်း ပင်စင်နဲ့ပတ်သက်တဲ့အခွန်အခတွေကိုလျှော့ပေါ့ပေးတဲ့ခံစားခွင့်တွေရှိပါတယ်။ ပြီးတော့ လစဉ်ကုမ္ပဏီကထုတ်ပေးတဲ့ငွေဟာဝန်ထမ်းရဲ့နှစ်စဉ်အခွန်တွက်တဲ့အထဲမှာမပါဝင်ပါဘူး။
🤔 ဒီစနစ်ထဲကိုဘယ်သူတွေဝင်လို့ရလဲ?
💡 企業型DCစနစ်ရှိတဲ့ကုမ္ပဏီကဝန်ထမ်းတွေပဲဝင်လို့ရပါတယ်။
🤔 企業型DCစနစ်ရှိတဲ့ကုမ္ပဏီကနေ မရှိတဲ့ကုမ္ပဏီကိုပြောင်းသွားရင် (သို့) ဂျပန်ကနေအပြီးထွက်သွားရင် ဘယ်လိုဖြစ်သွားမလဲ?
💡 個人型確定拠出年金(iDeCo)ဆိုတဲ့စနစ်ထဲကိုရွှေ့ပြောင်းရပါမယ်။ ဂျပန်မှာဆက်လက်နေထိုင်သွားမှာဆိုရင်တော့ ကိုယ့်ငွေကိုလစဉ်ထည့်ပြီးဆက်လက်ရင်းနှီုမြှုပ်နှံသွားလို့ရပါတယ်။ ဂျပန်ကနေအပြီးထွက်သွားရင်တော့ လစဉ်ငွေထည့်လို့မရတော့ဘဲ ထည့်ပြီးသားငွေတွေကိုတော့ iDeCoစနစ်ထဲမှာRunပေးနေမှာပါ။
企業型DCဟာဝန်ထမ်းခံစားခွင့်(福利厚生)တွေထဲကစနစ်တစ်ခုပါ။ ကိုယ့်ရဲ့Financial Literacyနဲ့Careerကိုမြှင့်တင်ပြီး ဝန်ထမ်းခံစားခွင့်(福利厚生)တွေကောင်းမွန်တဲ့ပတ်ဝန်းကျင်ဆီကိုပြောင်းကာ ကိုယ်အသက်ကြီးလာတဲ့အခါငွေကြေးပိုင်းဆိုင်ရာအပူအပင်ကင်းဖို့ ဂျပန်အစိုးရနဲ့ကိုယ့်ကုမ္ပဏီရဲ့အကူအညီကိုရယူကြရအောင်😁
တစ်ယောက်တည်းကြိုးစားနေသူနဲ့ ဂျပန်အစိုးရ၊ကိုယ့်ကုမ္ပဏီရဲ့အကူအညီကိုရယူပြီးကြိုးစားသူ၊ ဒီနှစ်ယောက်ဟာ နောင်တစ်ချိန်မှာအများကြီးကွာဟသွားလိမ့်မယ်။
コメント