Posted on Facebook:2022/10/16
နေထိုင်မှုအဆင့်အတန်း၊ စိတ်ကျေနပ်မှုlevelတွေကိုမလျှော့ချဘဲနဲ့၊ ခြစ်ချုပ်ခြွေတာစရာလည်းမလိုဘဲနဲ့လစဉ်ပုံမှန်ကုန်ကျစရိတ်ကိုလျှော့ချနိုင်တဲ့နည်းလမ်းတွေရှိတယ်။ အဲ့ဒီနည်းလမ်းတွေထဲကအလွယ်တကူလုပ်လို့ရတာတွေကတော့…
Softbank, au, docomo(¥8,000) ▶︎ 日本通信SIM(¥1,390)တစ်လကို¥6,610၊ တစ်နှစ်ကို¥80,000နီးပါးလျှော့နိုင်မယ်။ တစ်လကိုinternet 20Gplanဆိုတော့dataကုန်လို့နှေးသွားမှလည်းပူစရာမလိုဘူး။
•Internet
Softbank, au, docomo(¥5,500) ▶︎ SmartHikari(¥3,630)တစ်လကို¥1,830 တစ်နှစ်ကို¥22,440လျှော့နိုင်မယ်။ Speedကလည်းတူတူပဲ။
*Phoneနဲ့Internetပေါင်းရင်တစ်နှစ်ကိုယန်း10သောင်းကျော်လောက်သက်သာမယ်!!!
•အခွန်
ふるさと納税ဆိုတဲ့စနစ်ကိုသုံးပြီးကိုယ်ဆောင်တဲ့အခွန်ရဲ့၃၀%တန်ဖိုးရှိတဲ့ထုတ်ကုန်ပစ္စည်းတွေကိုလက်ခံယူလို့ရတော့ Totalအနေနဲ့ကြည့်ရင် အခွန်က၃၀%လောက်သက်သာသလိုဖြစ်သွားမယ်။ ふるさと納税ဆိုတာနောက်နှစ်တစ်နှစ်စာဆောင်ရမယ့်ကိုယ့်ရဲ့အခွန်ငွေတစ်ချို့ကိုဂျပန်ရဲ့ကြိုက်တဲ့ဒေသကိုရွေးပြီးလှူလို့ရတဲ့စနစ်ပါ။ အဲ့ဒီလိုလှူလိုက်ရင် ကိုယ်ရွေးလိုက်တဲ့ဒေသရဲ့ထွက်ကုန်ပစ္စည်းတွေကိုအလှူငွေရဲ့၃၀%လောက်ပြန်ရတယ်။ ကိုယ်လှူလိုက်တဲ့ငွေကို နောက်နှစ်ကိုယ်ဆောင်ရမယ့်အခွန်ထဲကပြန်နှုတ်ပေးတယ်။ ふるさと納税အကြောင်းကိုအောက်ကPostမှာဖတ်ရှုနိုင်ပါတယ်။
ဘာမှမလုပ်ဘဲနဲ့နေ,နေတာထက်စာရင်ဒီလိုလွယ်ကူတဲ့နည်းတွေနဲ့stressမရှိဘဲလစဉ်ကုန်ကျစရိတ်ကိုလျှော့ချပြီး ပိုတာကိုတခြားနေရာမှာသုံးလို့ရတာပေါ့။
コメント