【ဂျပန်မှာအိမ်ဝယ်ဖို့အကြွေးယူရင် ဘယ်လောက်ပမာဏကသင့်တော်မလဲ?】

အမျိုးမျိုးသောလေ့လာချက်၊ သုတေသနပြုစုချက်တွေအရ လစဉ်ပြန်ဆပ်ရမယ့်ပမာဏဟာ ကိုယ့်လစဉ်ဝင်ငွေ(手取り:အခွန်/အာမခံဖြတ်ပြီးဝင်ငွေ)ရဲ့25%လောက်ကသင့်တော်ပါတယ်။

(တစ်လသောင်း30လက်ထဲရောက်တဲ့သူဆိုရင် တစ်လ7.5သောင်းကိုအိမ်ကြွေးပြန်ဆပ်)

လစဉ်ပြန်ဆပ်ရတဲ့ပမာဏက手取ရဲ့25%ထက်များနေရင် တခြားအသုံးစရိတ်တွေအတွက်မလောက်မငှဖြစ်တတ်တယ်လို့ လေ့လာချက်တွေကသတိပေးထားပါတယ်။

နောက်ပြီးတော့, လစဉ်အိမ်အကြွေးပြန်ဆပ်ငွေက 手取りရဲ့25%ဖြစ်အောင်လို့ Bonusနဲ့ပြန်ဆပ်တဲ့ချေးငွေအမျိုးအစား(ボーナス払い)ကိုမရွေးဖို့တိုက်တွန်းပါတယ်။ Bonusဆိုတာအမြဲတမ်းတသတ်မတ်တည်းရတာမဟုတ်ပါဘူး။ စီးပွါးရေးစျေးကွက်အခြေအနေ၊ ကုမ္ပဏီရဲ့အခြေအနေ၊ ကိုယ့်ရဲ့Performance စတာတွေပေါ်မူတည်ပြီး ရမယ့်ပမာဏကပြောင်းလဲတတ်လို့ပါ။ မဖြစ်မနေပြန်ဆပ်ရမယ့်အကြွေးကို ရမလား မရဘူးလားမသိနိုင်တဲ့၊ ရရင်ဘယ်လောက်ရမှာလဲမှန်းရခက်တဲ့Bonusနဲ့ပေးချေဖို့Planမချသင့်ပါဘူး။

တစ်လသောင်း30လက်ထဲရောက်တဲ့သူဆိုရင် 固定金利(ပုံသေအတိုးနှုန်း)1.5%နဲ့35နှစ်, 100%အကြွေး(Bonusနဲ့ပြန်ဆပ်တာမပါ)ယူပြီး လစဉ်7.5သောင်း(手取りရဲ့25%)ဆပ်သွားမယ်ဆိုပါစို့။ အဲ့ဒီလူဝယ်နိုင်တဲ့အိမ်ဟာ သောင်း2,500ခန့်တန်အိမ်ပါ။

သောင်း2,500ခန့်လောက်နဲ့ဂျပန်မှာResale Valueမြင့်တဲ့အိမ်ဝယ်နိုင်ပါ့မလား?🤔

コメント

タイトルとURLをコピーしました