အိမ်ဝယ်ဖို့လုပ်တဲ့အခါ အိမ်ခြံမြေအကျိုးဆောင်ကမိတ်ဆက်ပေးတဲ့ ဘဏ်တစ်ခုတည်းမှာပဲ တန်းပြီးချေးငွေယူဖို့မဆုံးဖြတ်ပါနဲ့‼️အနည်းဆုံးဘဏ်၃ခု~၅ခုလောက်ကိုနှိုင်းယှဉ်ကြည့်ပါ။ အဲ့ဒီလိုနှိုင်းယှဉ်တဲ့အခါမှာအသုံးဝင်တာက Mogecheck(モゲチェック)ဆိုတဲ့Serviceပါ။

Mogecheckဆိုတာကတော့ ဂျပန်နိုင်ငံမှာအိမ်ဝယ်ဖို့အတွက် အိမ်ရာချေးငွေလျှောက်ထားတဲ့အခါ ကိုယ်နဲ့အကိုက်ညီဆုံးနဲ့အတိုးနှုန်းအသက်သာဆုံးဘဏ်ကိုအကြံပြုပေးတဲ့ Online Platformတစ်ခုဖြစ်ပါတယ်။
အိမ်ရာချေးငွေပေါင်း၇၀၀ကျော်ကိုနှိုင်းယှဉ်ပေးပြီး၊ ကိုယ့်ရဲ့အခြေအနေ(ဝင်ငွေ၊ အလုပ်အကိုင်)နဲ့ ကိုက်ညီတဲ့ဘဏ်ကိုအခမဲ့အကြံပြုပေးတဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။
✅အဓိက အကျိုးကျေးဇူးများ
1️⃣အတိုးနှုန်းအသက်သာဆုံးကိုသိနိုင်ခြင်း
ဘဏ်အသီးသီးရဲ့အတိုးနှုန်းတွေကို တစ်နေရာတည်းမှာနှိုင်းယှဉ်နိုင်လို့ ပိုက်ဆံချွေတာရာရောက်ပါတယ်။
2️⃣မိမိနဲ့ကိုက်ညီမယ့်ဘဏ်ကို ရှာပေးခြင်း
“ဘယ်ဘဏ်ကငါ့ကိုငွေချေးနိုင်မလဲ?”ဆိုတာကို AI စနစ်နဲ့တွက်ချက်ပေးပါတယ်။(審査အောင်နိုင်ခြေကိုပြပေးပါတယ်)
3️⃣အခမဲ့အသုံးပြုနိုင်ခြင်း
ဒီဝန်ဆောင်မှုအတွက် တစ်ပြားမှပေးစရာမလိုပါဘူး။
4️⃣Onlineကနေအကုန်လုပ်လို့ရခြင်း
ဘဏ်တွေကို တစ်ခုပြီးတစ်ခုလိုက်သွားစရာမလိုဘဲ ဖုန်းနဲ့တင်အကုန်ကြည့်လို့ရပါတယ်။
📍ဘယ်သူတွေအတွက်သင့်တော်သလဲ?
👉ဂျပန်မှာပထမဆုံးအကြိမ်အိမ်ဝယ်မယ့်သူများ။
👉အခုလက်ရှိအိမ်ရာချေးငွေပေးနေရပေမယ့် အတိုးသက်သာတဲ့တခြားဘဏ်ကိုပြောင်းချင်သူများ (借り換え)။
👉ဘဏ်တွေအများကြီးထဲကဘယ်ဘဏ်ကိုရွေးရမှန်းမသိဖြစ်နေသူများ။
ဂျပန်မှာ အိမ်ဝယ်ဖို့ ပြင်ဆင်နေတယ်ဆိုရင်တော့ ဒီ Service က တကယ့်ကို အထောက်အကူပြုမှာပါ။
**မှတ်ချက်** Mogecheckဟာအကျိုးဆောင်မဟုတ်ဘဲ သတင်းအချက်အလက်နှင့်လမ်းညွှန်မှုပေးသည့်ဝန်ဆောင်မှုသာ ဖြစ်ပါတယ်။ အမှန်တကယ်ချေးငွေရရှိရန်အတွက် ဘဏ်ရဲ့စစ်ဆေးမှု (審査)ကိုအောင်မြင်ဖို့လိုအပ်ပါတယ်။


コメント