【ရှုပ်ထွေးခက်ခဲတာတွေသိစရာမလိုဘဲ ဂျပန်မှာငွေကြေးတိုးပွားအောင် ဘယ်လိုလုပ်ရမလဲ? (အဆင့်၇ဆင့်)】

ရှုပ်ထွေးတဲ့စီးပွားရေးအကြောင်းတွေမသိပေမဲ့ ကိုယ်ရှာထားတဲ့ငွေတွေကို အထိရောက်ဆုံးတိုးပွားအောင်လုပ်ချင်သူများအတွက် ဒီအဆင့်(၇)ဆင့်ကို လုပ်ကြည့်ပါ။

(難しいことはわかりませんが、お金の増やし方を教えてくださいဆိုတဲ့စာအုပ်ကိုမှီငြမ်းထားပါတယ်)

1️⃣ OnlineကနေNISAအကောင့်ဖွင့်ပါ။

SBI Securities သို့မဟုတ် Rakuten SecuritiesလိုမျိုးOnlineအကျိုးဆောင်တွေမှာ NISAအကောင့်ဖွင့်ပါ။ လူကိုယ်တိုင်သွားရတဲ့ ဘဏ်တွေထက် ကော်မရှင်ခ(手数料)အများကြီးသက်သာပါတယ်။

2️⃣ လစဉ်ငွေစုဆောင်းမည့်ငွေပမာဏကိုသတ်မှတ်ပါ။

လစာရဲ့အနည်းဆုံး၂၀%ကိုစုပါ။ သုံးပြီးကျ စုပြီးမှကျန်တာကိုသုံးတဲ့အလေ့အကျင့်ကိုလုပ်ပါ။

3️⃣ လက်ထဲမှာရှိတဲ့ငွေကို၂ပိုင်းခွဲခြားပါ။

ရင်းနှီးမြှုပ်နှံပြီးတိုးပွါးအောင်လုပ်မယ့်ငွေ နဲ့ အရေးပေါ်ငွေဆိုပြီးခွဲခြားထားပါ။

4️⃣ ရင်းနှီးမြှုပ်နှံမယ့်ငွေကို NISAထဲမှာကောင်းမွန်တဲ့Index Fundကိုဝယ်ပါ။

ဂျပန်ရဲ့အခွန်သက်သာခွင့်ရမယ့်စနစ်တွေကို အပြည့်အဝအသုံးချပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ကုမ္ပဏီတွေမှာရင်းနှီးမြှုပ်နှံလို့ရတဲ့『emaxis slim 全世界株式(オール・カントリー)』 သို့မဟုတ် USရဲ့ထိပ်တန်းကုမ္ပဏီ၅၀၀ထဲမှာရင်းနှီးမြှုပ်နှံလို့ရတဲ့『emaxis slim 米国株式(s&p500)』ကိုဝယ်ပါ။ ကောင်းမွန်တဲ့Index Fundတွေဟာ ရေရှည်မှာအန္တရာယ်အနည်းဆုံးနဲ့ အကျိုးအမြတ်အများဆုံးဖြစ်စေနိုင်ပါတယ်။

5️⃣ အရေးပေါ်ငွေကိုလုံခြုံစွာထားပါ။

အရေးပေါ်ငွေကို ချက်ချင်းထုတ်သုံးနိုင်မယ့်ရိုးရိုးဘဏ်အပ်ငွေ သို့မဟုတ် အစိုးရအာမခံချက်ရှိတဲ့ငွေစုလက်မှတ်(Bond)မှာထားပါ။

6️⃣ ဘာမှမလုပ်ဘဲဒီအတိုင်းထားလိုက်ပါ။

Index Fundတွေရဲ့ဈေးနှုန်းတက်တာ/ကျတာကိုစိတ်မပူပါနဲ့။ ရေရှည်အတွက်ဖြစ်လို့ ဘာမှထပ်မလုပ်ဘဲ ဒီအတိုင်းပစ်ထားတာက အမြတ်အများဆုံးရစေမယ့်နည်းလမ်းပါ။

7️⃣ ကိုယ့်မှာရှိတဲ့လူ့စွမ်းအားအရင်းအမြစ်ကို အကောင်းဆုံးအသုံးချပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။

ရင်းနှီးမြှုပ်နှံမှုကိုအလိုအလျောက်စနစ်တွေဆီလွှဲထားပြီး၊ ကိုယ့်ရဲ့လူ့စွမ်းအားအရင်းအမြစ်ကိုမြှင့်တင်(Career Up)ကာ ဘဝကိုအပြည့်အဝပျော်ပျော်ရွှင်ရွှင်နေထိုင်ပါ။

ဂျပန်မှာငွေကြေးတိုးပွါးဖို့ ရှုပ်ထွေးတဲ့နည်းလမ်းတွေမလိုပါဘူး။ ရိုးရှင်းတဲ့အပေါ်ကအဆင့်တွေကို စနစ်တကျလုပ်တတ်ဖို့ပဲလိုတာပါ။

コメント

タイトルとURLをコピーしました