လူတိုင်းပျော်ရွှင်တဲ့ဘဝကိုလိုချင်ကြပေမယ့် “ပျော်ရွှင်မှု”ကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာ သိတဲ့သူနည်းပါတယ်။ ဂျပန်ရဲ့နာမည်ကျော် စာရေးဆရာ Mr.Tachibana Akiraရဲ့”幸福の資本論(Happiness Capital Theory)”ဆိုတဲ့စာအုပ်မှာ ဘဝပျော်ရွှင်မှုအတွက် “အခြေခံဒေါက်တိုင်(အရင်းအနှီး)၃ခု”လိုအပ်တယ်လို့ဆိုထားပါတယ်။
လူတွေဟာ…
1. ငွေကြေးအရင်းအနှီး(Financial Capital)
2. လူ့စွမ်းအားအရင်းအနှီး(Human Capital)
3. လူမှုရေးအရင်းအနှီး(Social Capital)
ဒီ၃ခုထဲကအနည်းဆုံး၂ခုလောက်က အတိုင်းအတာတစ်ခုအထိပြည့််စုံနေရင် “ပျော်ရွှင်တယ်”လို့ခံစားရတယ်။ (“ခံစားရတယ်”လို့ဆိုထားတာပါ။)

1️⃣ငွေကြေးအရင်းအနှီး(Financial Capital)💰
ဒါကတော့ မိမိမှာရှိတဲ့ “ပိုင်ဆိုင်မှုနဲ့ ငွေကြေး” ဖြစ်ပါတယ်။ ငွေရှိရုံနဲ့ မပျော်နိုင်ပေမယ့် ငွေရှိရင်ဘဝရဲ့”လွတ်လပ်မှု”ကို အနည်းနဲ့အများရရှိစေပါတယ်။ ဘဝမှာတစ်ခုခုအခက်အခဲကြုံတဲ့အခါ စိတ်အေးချမ်းမှုပေးနိုင်တဲ့အခြေခံဒေါက်တိုင်တစ်ခုပါ။
2️⃣လူ့စွမ်းအားအရင်းအနှီး(Human Capital)💪
ဒါကတော့ “ငွေရှာနိုင်စွမ်း” ဖြစ်ပါတယ်။ မိမိရဲ့ ပညာ၊ ကျွမ်းကျင်မှုကိုအသုံးချပြီး ကျန်းကျန်းမာမာနဲ့အလုပ်လုပ်နိုင်စွမ်းကိုပြောတာပါ။ အလုပ်လုပ်ပြီးဝင်ငွေရှာနိုင်သရွေ့ ဘဝမှာကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးပွါးပြီး တန်ဖိုးရှိတဲ့လူတစ်ယောက်လို့ခံစားရစေပါတယ်။
3️⃣လူမှုရေးအရင်းအနှီး(Social Capital)🤝
ဒါကတော့ ကိုယ့်ရဲ့”လူမှုဆက်ဆံရေး”ဖြစ်ပါတယ်။ မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခြင်းက စိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုကို အပေးနိုင်ဆုံးအရာဖြစ်ပါတယ်။ လူဆိုတာတစ်ယောက်တည်း ရှင်သန်လို့မရပါဘူး။
ဒီအရင်းအနှီး၃ခုလုံးပြည့်စုံရင် “စူပါပျော်ရွှင်သူ”လို့ခေါ်နိုင်တယ်။ ဒါပေမယ့်, ဒီစာအုပ်ထဲမှာ ၃ခုလုံး100%Perfectဖြစ်နေဖို့ဆိုတာမဖြစ်နိုင်ဘူးလို့လည်းရေးထားတယ်။
ဒီစာအုပ်ကိုဖတ်ပြီးတွေးမိတာက အရင်ဦးဆုံး “လူ့စွမ်းအားအရင်းအနှီး” ကိုမြှင့်တင်ပြီး ငွေရှာနိုင်စွမ်းကိုတိုးတက်အောင်လုပ်သင့်တယ်လို့ထင်ပါတယ်။ ပြီးရင်, ရလာတဲ့ငွေကို ကောင်းမွန်တဲ့Assetမှာရင်းနှီးမြှုပ်နှံခြင်းနဲ့ “ငွေကြေးအရင်းအနှီး”ကိုတည်ဆောက်နိုင်မှာပါ။ ပြီးတော့, ကိုယ့်ရဲ့ “လူ့စွမ်းအားအရင်းအနှီး”မြင့်တက်လာတာနဲ့အမျှ ကိုယ့်ရဲ့မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေဆီကနေ (ပိုပြီး)လေးစားမှုကိုရရှိနိုင်မယ်လို့ထင်ပါတယ်။
ပျော်ရွှင်မှုဒေါက်တိုင်၃ခုလုံးကို Perfectဖြစ်အောင်လုပ်တာထက် အခြေအနေနဲ့အချိန်အခါပေါ်လိုက်ကာ Priorityသတ်မှတ်ပြီးတော့တည်ဆောက်သွားရင် “ဘဝကြီးကနေရတာပျော်ဖို့ကောင်းတယ်”လို့ခံစားနိုင်မှာပါ။

コメント