【ရင်းနှီးမြှုပ်နှံမှုရဲ့လက်တွေ့အမှန်တရားနှင့် “ငွေရှာနိုင်စွမ်း”ရဲ့အရေးကြီးပုံ】

အခုခေတ်မှာ လူတော်တော်များများက ငွေကြေးချမ်းသာဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို စိတ်ဝင်စားနေကြပါတယ်။ ဂျပန်မှာဆိုNISA၊ iDeco၊ ဂျပန်401K(DC)စသဖြင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးတဲ့စနစ်တွေလည်းရှိတော့ အရင်ကထက်စာရင် ရင်းနှီးမြှုပ်နှံမှုဟာ လူတွေနဲ့ပိုရင်းနှီးလာကြတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှု စတင်တဲ့သူတွေ မဖြစ်မနေသိထားရမယ့် 「ခါးသီးတဲ့ အမှန်တရား」တစ်ခုရှိပါတယ်။

အဲ့ဒါကတော့ “အရင်းအနှီးနည်းရင် အကျိုးအမြတ်နည်းတယ်”ဆိုတာပါပဲ။ ဥပမာ, တစ်နှစ်ကိုအတိုးနှုန်း၈%ရတဲ့ ကောင်းမွန်တဲ့နေရာတစ်ခုမှာ ငွေထည့်ထားတယ်ဆိုပါစို့။ သန်း၁၀၀(1億)ထည့်ထားတဲ့သူဟာ တစ်နှစ်စာသုံးစွဲဖို့အေးအေးဆေးဆေးလုံလောက်တဲ့ပမာဏ၈သန်း(800万)ရမှာဖြစ်ပေမယ့် အရင်းအနှီးက ၁သန်း(100万)ပဲဆိုရင်တော့ တစ်နှစ်လုံးနေမှ၈သောင်း(8万)ပဲရမှာပါ။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံဖို့လုပ်ရတာတွေကအတူတူပါပဲ။ သန်း၁၀၀(1億)ရင်းနှီးမြှုပ်နှံလို့ ထူးပြီးအလုပ်ရှုပ်မသွားပါဘူး။ Index Fundထဲထည့်မယ်ဆိုရင် NISA Settingမှာ သုည၂လုံးပိုထည့်လိုက်ရုံနဲ့ပြီးပါတယ်။

“ရင်းနှီးမြှုပ်နှံမှုလုပ်လိုက်တာနဲ့ လက်ရှိဘဝကနေ ချက်ချင်းလက်ငင်းကြီးပွားချမ်းသာသွားမယ်”ဆိုပြီး အိပ်မက်မမက်ပါနဲ့။ ရင်းနှီးမြှုပ်နှံမှုရဲ့သဘောသဘာဝက ရှိပြီးသားအရင်းအနှီးကိုတဖြည်းဖြည်းနဲ့ပိုပြီးကြီးထွားအောင်လုပ်ပေးတဲ့ အရာသာဖြစ်ပြီး၊ နည်းပါးလှတဲ့အရင်းအနှီးကိုမျက်လှည့်ပြသလို ချက်ချင်းလက်ငင်းအများကြီးဖြစ်အောင်လုပ်ပေးနိုင်တဲ့ မှော်အတတ်မဟုတ်ပါဘူး။

ပိုင်ဆိုင်မှုနည်းနေသေးတဲ့အချိန်၊ တစ်နည်းအားဖြင့်ရင်းနှီးမြှုပ်နှံမှုကိုစတင်ကာစအချိန်မှာ ဘာလုပ်ရမလဲ?

“ဟိုပစ္စည်းကပိုအမြတ်ရတယ်”၊ ”ဒီရှယ်ယာကပိုစျေးတက်တယ်”ဆိုပြီး ရင်းနှီးမြှုပ်နှံမှုအမျိုးအစားတွေကို ဟိုပြောင်းလိုက် ဒီပြောင်းလိုက်နဲ့ လျှောက်ပြီးမကလိပါနဲ့။ ကိုယ်နဲ့သင့်တော်မယ့်ကောင်းမွန်တဲ့ရင်းနှီးမြှုပ်နှံမှုကိုတွေ့ပြီးရင် Buy & Holdပဲလုပ်ပါ။ ပိုင်ဆိုင်မှုတွေတဖြည်းဖြည်းကြီးမားလာတဲ့အခါမှာ ရင်းနှီးမြှုပ်နှံမှုရဲ့Powerကထွက်လာပါလိမ့်မယ်။ အရေးကြီးဆုံးက ရင်းနှီးမြှုပ်နှံမှုထဲကို ထည့်နိုင်မယ့်ငွေတွေပိုများလာအောင် 「ကိုယ်တိုင်ငွေရှာနိုင်တဲ့စွမ်းရည် (稼ぐ力, 人的資本)」 ကို မြှင့်တင်ဖို့ပဲဖြစ်ပါတယ်။

အပိုတွေမလုပ်ဘဲ ငွေရှာနိုင်စွမ်းကိုမြှင့်ပါ‼️

コメント

タイトルとURLをコピーしました