ဂျပန်မှာကျောင်းတက်နေတုန်း အလုပ်ဝင်ဖို့ကုမ္ပဏီတွေရှာတဲ့အခါ မြန်မာကျောင်းသူ/ကျောင်းသားအချို့ တာထွက်နောက်ကျပြီးအနီးကပ်မှပြာပြာသလဲဖြစ်တတ်ကြတယ်။ အဲ့ဒီလိုမဖြစ်အောင်လို့၊ ပြီးတော့ကုမ္ပဏီကောင်းကောင်းကိုလည်းဝင်နိုင်အောင်လို့ ပုံထဲကScheduleအတိုင်းလုပ်ကြည့်ပါ။

【ကြိုတင်ပြင်ဆင်ကာလ】2026/Nov ~ Dec
•ကိုယ့်ကိုယ်ကိုဆန်းစစ်လေ့လာခြင်း(ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက် စတာတွေကိုသိအောင်လုပ်ခြင်း)
•SPIစာမေးပွဲအတွက်ကြိုတင်လေ့ကျင့်ခြင်း
•လုပ်ငန်းနယ်ပယ်တွေအကြောင်းလေ့လာခြင်း (Industry Research)
•ကိုယ့်ရဲ့အနာဂတ်Career Pathကိုချမှတ်ခြင်း
【အလုပ်ရှာဖွေကာလ】2027/Jan ~ Jul
•ကိုယ်Tryမယ့်ကုမ္ပဏီတွေအကြောင်းကိုအသေးစိတ်လေ့လာခြင်း(Company Research)
•ကိုယ်ရေးရာဇဝင်(履歴書)နဲ့ Entry Sheetရေးသားခြင်း
•ကုမ္ပဏီရှင်းလင်းပွဲများ(Company Information Sessions)ကိုတက်ရောက်ခြင်း
•Interviewအကြိုလေ့ကျင့်ခြင်း
•SPIစာမေးပွဲဖြေဆိုခြင်း
•Interviewဖြေဆိုခြင်း
•အလုပ်ခန့်အပ်ရန်ကမ်းလှမ်းခံရခြင်း(内定ရရှိခြင်း)
【အလုပ်ခန့်အပ်ကြောင်းအတည်ပြုပွဲ(内定式)】2027 Oct 1st
ကုမ္ပဏီအများစုက October ၁ရက်နေ့မှာ 内定式အခမ်းအနားကိုကျင်းပလေ့ရှိတယ်။ ကုမ္ပဏီရဲ့အမှုဆောင်အရာရှိတွေနဲ့ အလုပ်ကမ်းလှမ်းခံထားရသူ(内定者)တွေကြားမှာရင်းနှီးမှုရယူတဲ့ မိတ်ဆုံစားပွဲလည်းပါဝင်တယ်။
အလုပ်ခန့်အပ်ကြောင်းအတည်ပြုပွဲ(内定式)ပြီးပြီဆိုရင်တော့ 2028Aprilမှာကုမ္ပဏီမဝင်ခင်အထိ လက်ကျန်ကျောင်းသားဘဝကို အေးအေးဆေးဆေးဖြတ်သန်းရုံပါပဲ😉
အစမှာအားကုန်ထုတ်ပါ။ အဲ့ဒါဆို 2027/10နောက်ပိုင်း ၆လလောက်ကိုစိတ်အေးလက်အေးဖြတ်သန်းလို့ရပြီ။

コメント