လူကြိုက်များတဲ့Index Fund “オルカン (All Country)”ကိုဝယ်ထားရင် ဘယ်တော့မှမရှုံးဘူး” လို့ပြောကြတယ်။ တကယ်ဟုတ်ပါသလား?
လွန်ခဲ့တဲ့နှစ်ပေါင်း၃၀ကျော်ကိုပြန်ကြည့်ရင် オルカンရဲ့အမှောင်ခေတ်(Dark Age)လို့ခေါ်နိုင်တဲ့ကာလ၂ခုရှိခဲ့တယ်။

🟣ပထမအမှောင်ခေတ် — IT Bubbleပြိုကျမှု
၁၉၉၈ခုနှစ်မှာ အမြင့်ဆုံးဈေးကနေ ၄၀%အထိကျဆင်းခဲ့ပြီး ပြုတ်မကျခင်ကဈေးကိုပြန်ရောက်ဖို့ ၂၀၀၅ခုနှစ်အထိစောင့်ခဲ့ရပါတယ်။ အမြင့်ဆုံးဈေးနားမှာရင်းနှီးမြှုပ်နှံခဲ့သူဆိုရင် အရှုံးပြတဲ့အခြေအနေနဲ့ “၇နှစ်၂လ”ကြာခဲ့တယ်။
🟣ဒုတိယအမှောင်ခေတ် — Lehman Shock
၂၀၀၇ခုနှစ်ကနေ အများဆုံး60%အထိကျဆင်းခဲ့ပြီး ပြန်လည်ထူထောင်ဖို့ ၂၀၁၃ခုနှစ်အကုန်အထိ “၆နှစ်၆လ”ကြာခဲ့ပါတယ်။
ဒါပေမယ့်, ဒီအမှောင်ခေတ်တွေကိုကျော်ဖြတ်ပြီး ဆက်ကိုင်ထားနိုင်တဲ့သူတွေအတွက် オルカン(All Country)က ၃၇နှစ်အတွင်း “အဆ၂၀”လောက်အထိ တိုးပွားပေးခဲ့ပါတယ်။
Index Investmentရဲ့အမြတ်ဆိုတာ “စိတ်ရှည်သည်းခံခြင်းရဲ့အသီးအပွင့်” ပါ။
အမှောင်ခေတ်မှာလက်လျှော့ပြီး ရောင်းထုတ်လိုက်တဲ့သူတွေက အဲ့ဒီအသီးအပွင့်တွေကိုမခံစားလိုက်ရဘူး။
အမှောင်ခေတ်ကို ကျော်ဖြတ်နိုင်တဲ့နည်းကရိုးရှင်းပါတယ်။
- Just Keep Buying
- Emergencyအတွက်Cashကိုလည်းပြင်ထားမယ်
- SNSကသတင်းတွေကိုကြည့်ပြီးPanicမဖြစ်ဘူး
ဈေးကွက်ကမတည်ငြိမ်ဘဲ အကျဘက်ဖြစ်နေတာဟာ သမိုင်းမှာပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အရေးကြီးဆုံးက အမှောင်ခေတ်မှာလည်းရပ်မသွားဘဲ လမ်းကြောင်းမှန်ပေါ်မှာဆက်လျှောက်နေဖို့ပါပဲ။

コメント