【တကယ်ရနိုင်မယ့်လစာကိုအနီးစပ်ဆုံးသိချင်တဲ့IT Engineerတွေအတွက် “転職ドラフト”】

အခုချက်ချင်းအလုပ်ပြောင်းဖို့စိတ်ကူးမရှိသေးလည်း ကိုယ့်ရဲ့Market Value(ဈေးကွက်တန်ဖိုး)ကိုတော့ သိထားသင့်ပါတယ်။ အရင်Postတွေမှာ Tech Lead IT Engineerတွေအတွက်သင့်တော်တဲ့ ”Findy” နဲ့ High Class Positionအတွက်သင့်တော်တဲ့ ”BizReach” တို့ကိုမိတ်ဆက်ခဲ့ပါတယ်။ ဒီတစ်ခါမိတ်ဆက်မှာကတော့ ကုမ္ပဏီတွေဘက်က “တကယ်ပေးမယ့်လစာ (提示年収)” နဲ့ တိုက်ရိုက်ကမ်းလှမ်းတဲ့ Serviceဖြစ်တဲ့ 転職ドラフト(Tenshoku Draft)ပါ။

■ Serviceအကြောင်း
転職ドラフトဆိုတာ IT Engineerတွေအတွက်သီးသန့်လုပ်ထားတဲ့ ScoutပုံစံServiceတစ်ခုပါ။ ကိုယ့်ရဲ့ 職務経歴書(CV)နဲ့ Projectအတွေ့အကြုံတွေကို Siteမှာတင်ထားရင် ကုမ္ပဏီတွေဘက်က ကိုယ့်ကိုစိတ်ဝင်စားတဲ့အခါ “တစ်နှစ်လစာ ယန်းဘယ်လောက်ပေးပါမယ်” ဆိုတဲ့ ဈေးနှုန်းအတိအကျနဲ့ အပြိုင်အဆိုင်(လေလံဆွဲသလို)ကမ်းလှမ်းလာလိမ့်မယ်။

■ ထူးခြားချက်
•သာမန်Scoutတွေလို လစာကိုRange (အကြမ်းဖျင်း)မဟုတ်ဘဲ ကုမ္ပဏီဘက်က ကိုယ့်Skillကိုကြည့်ပြီး လစာအတိအကျ(နီးပါး)ကို သတ်မှတ်ပြီးကမ်းလှမ်းပါတယ်။
•内定(Offer)ရတဲ့အခါ ကမ်းလှမ်းထားတဲ့လစာရဲ့ ၉၀%အောက် လျှော့ပေးခွင့်မရှိတဲ့စည်းကမ်းရှိလို့ ယုံကြည်စိတ်ချရပါတယ်။
•ကမ်းလှမ်းလာတဲ့အခါ ဘာကြောင့် ကိုယ့်ကိုရွေးချယ်တာလဲ၊ ဘယ်Skillကို သဘောကျတာလဲဆိုတဲ့ အကြောင်းရင်းကိုလည်းသိရတယ်။
•ကိုယ်နဲ့အသက်အရွယ်တူ၊ Skillတူ တခြားEngineerတွေရဲ့ ကမ်းလှမ်းခံရတဲ့လစာ Dataတွေကိုပါ ကြည့်ရှုနှိုင်းယှဉ်လို့ရတယ်။

■ ဘယ်သူတွေနဲ့ကိုက်ညီလဲ
•ကိုယ့်ရဲ့လက်ရှိSkillနဲ့ ဂျပန်ဈေးကွက်မှာ လစာဘယ်လောက်အထိ တကယ်ရနိုင်မလဲဆိုတာ သိချင်သူတွေ
•自社開発(In-House Development)၊ SaaSကုမ္ပဏီတွေကို စိတ်ဝင်စားသူတွေ
•ကိုယ်လုပ်ခဲ့တဲ့Projectအတွေ့အကြုံတွေကို သေချာရေးပြနိုင်သူတွေ
•ကိုယ့်ဘက်ကနေJob Huntingစမလုပ်ဘဲ ကိုယ့်တန်ဖိုးကို လက်တွေ့ကျကျသိထားချင်သူတွေ

■ ဘယ်သူတွေနဲ့မကိုက်ညီဘူးလဲ
•IT Engineerအတွေ့အကြုံလုံးဝမရှိသေးသူတွေ
•SIer/SESကုမ္ပဏီကိုအဓိကစိတ်ဝင်စားသူတွေ
•CV/Interviewအတွက်ပြင်ဆင်ဖို့ Supportလိုအပ်သူတွေ ※မပူပါနဲ့ ကျွန်တော်နဲ့တိုင်ပင်ပါ😁

■ အားနည်းချက်
•転職ドラフトမှာကိုယ့်ရဲ့CVတင်ခွင့်ရဖို့ 審査(စစ်ဆေးမှု)ရှိပါတယ်။ Projectအတွေ့အကြုံတွေကို သေချာမရေးထားရင် စစ်ဆေးမှုမအောင်နိုင်တာမျိုးရှိတယ်။
•အချိန်မရွေး အမြဲတမ်းကမ်းလှမ်းတာမျိုးမဟုတ်ဘဲ သတ်မှတ်ထားတဲ့ Event(တစ်လတစ်ကြိမ်)အတွင်းမှာ ကုမ္ပဏီတွေကကမ်းလှမ်းတာဖြစ်ပါတယ်။
•ကုမ္ပဏီတွေဘက်က သေချာရွေးချယ်ပြီး ကမ်းလှမ်းတာဖြစ်လို့ Scoutအရေအတွက်က BizReachလောက်အများကြီးမလာတတ်ပါ။

転職ドラフトကိုသုံးရင် ကိုယ့်ဘက်ကနေစပြီးJob Huntingမလုပ်ဘဲနဲ့ လက်ရှိဈေးကွက်က ကိုယ့်
ကိုဘယ်လိုတန်ဖိုးဖြတ်လဲဆိုတာ လက်တွေ့ကျကျ(နီးပါး)သိနိုင်လို့ ရှေ့လျှောက်ကိုယ့်ရဲ့Career ကို ဘယ်လိုပိုပြီးမြှင့်ရမလဲဆိုတာ မြင်လာပါလိမ့်မယ်။

✅転職ドラフトမှာ CVတင်ပြီးကိုယ့်ရဲ့စျေးကွက်တန်ဖိုးကိုသိပြီးCareer Upလုပ်ဖို့အတွက် လိုအပ်ရင်ဆွေးနွေးတိုင်ပင်ဖို့ ကျွန်တော့်ရဲ့Career Advice Serviceရှိပါတယ်။

コメント

タイトルとURLをコピーしました