Posted on Facebook:2023/2/24
ဂျပန်မှာInternet Serviceတွေအများကြီးရှိတဲ့အထဲက စျေးသက်သာပြီးမြန်တဲ့Provider ၂ခုကိုရွေးထုတ်ကြည့်လိုက်တယ်။
<ရွေးချယ်မှုစံနှုန်း>
- မည်သူမဆို၊ ဘယ်အချိန်မဆိုလစဉ်ကြေး ¥4,000(အခွန်ပါ/တိုက်ခန်း)အောက်
(Providerရဲ့mobile phoneသုံးတဲ့သူကိုပဲစျေးလျှော့ပေးတာတို့၊ ပထမတစ်နှစ်ပဲစျေးသက်သာတာတို့ အဲ့လိုProviderတွေကိုဖြုတ်ချထားတယ်) - Speed 1Gpsနှင့်အထက်
- Userများရဲ့Feedbackကောင်းမွန်ခြင်း
- ရိုးရှင်းတဲ့Planဖြစ်ခြင်း
✅MoneyForward Hikari✅
•လစဉ်ကြေး
တိုက်ခန်း: ¥3,850, လုံးချင်းအိမ်: ¥4,950
•ကနဦးကုန်ကျစရိတ်
အလကား
•အမြန်နှုန်း
1Gps
•စာချုပ်ကာလ
၂နှစ် (၂နှစ်အတွင်းစာချုပ်ဖျက်သိမ်းချင်ရင် ဖျက်သိမ်းခအဖြစ် လစဉ်ကြေးတစ်လစာကုန်ကျမယ်။ ၂နှစ်ကျော်ရင် ကြိုက်တဲ့အချိန်အခမဲ့ဖျက်သိမ်းလို့ရတယ်)
•Wi-fi router
မပါ(ကိုယ့်ဟာကိုယ်Routerဝယ်ရပါမယ်။ ¥4,000-5,000လောက်နဲ့ကောင်းတာရပါတယ်)
•အခြားကောင်းသောအချက်
လစဉ်အသုံးစရိတ်ကိုAutoစာရင်းမှတ်ပေးတဲ့ MoneyForwardMEရဲ့Premium Versionကိုအလကားသုံးလို့ရတယ်။ ပုံမှန်ဆိုPremium Versionသုံးရင်လစဉ်¥500ကုန်ကျတယ်။
✅@SMART Hikari✅
•လစဉ်ကြေး
တိုက်ခန်း: ¥3,630, လုံးချင်းအိမ်: ¥4,730
•ကနဦးကုန်ကျစရိတ်
အလကား
•အမြန်နှုန်း
1Gps
•စာချုပ်ကာလ
မရှိ (ကြိုက်တဲ့အချိန်အခမဲ့ဖျက်သိမ်းလို့ရတယ်)
•Wi-fi router
Optionနဲ့လစဉ်¥550ပေးပြီးငှါးသုံးလို့ရတယ်။ ဒါပေမယ့်လစဉ်¥550အပိုကုန်ကျလို့ ကိုယ့်ဟာကိုယ်ဝယ်လိုက်တာကောင်းတယ်။
•အခြားကောင်းသောအချက်
မရှိ
ကြက်ဥတစ်ကဒ်ကို¥10~¥20လောက်သက်သာလို့
အနီးနားကဆိုင်မှာမဝယ်ဘဲနာရီဝက်လောက်
လမ်းလျှောက်သွားရတဲ့ဆိုင်မှာဝယ်ပြီး
ချွေတာတာဟာCost-Performance
မကောင်းဘဲအချိန်ကုန်ပြီးပင်ပန်းတယ်။
အဲ့လောက်အထိကြိုးစားစရာမလိုဘဲ
လစဉ်ပုံမှန်ကုန်ကျတဲ့Fixed-costတွေကို
လျှော့ချတာကအစပိုင်းလေးပဲအလုပ်ရှုပ်ပြီး
နောက်ပိုင်းကဘာမှလုပ်စရာမလိုတော့
ပိုပြီးထိရောက်သလိုLife Satisfactionလည်း
ပြည့်ပြည့်ဝဝရှိတယ်။ Internet Serviceကြေးဟာ
လစဉ်ကုန်ကျစရိတ်တွေထဲကFixed-costတစ်ခုမို့လို့ကောင်းမွန်ပြီးစျေးသက်သာတဲ့Serviceကိုပြောင်းသုံးရုံနဲ့ ¥2,000ကနေ¥3,000လောက်
လစဉ်သက်သာလိမ့်မယ်။
တစ်နှစ်ဆို¥24,000~36,000ပေါ့။
တခြားကောင်းတဲ့Internet Serviceတွေရှိရင်လည်းInfo Shareကြပါဦး။
ကိုယ်ကMoneyForwardMEရဲ့Userဆိုတော့
MoneyForward Hikariကိုပြောင်းဖို့လုပ်နေတယ်😁
コメント