【ကျွန်တော်တို့ဟာဘာလို့ပညာတွေကိုလေ့လာသင်ယူကြတာလဲ?】

စားပွဲခုံပေါ်မှာသောက်ရေသန့်ထည့်ထားတဲ့ဖန်ခွက်တစ်ခွက်ရှိတယ်ဆိုပါစို့။

ဂဏန်းင်္သချာကိုလေ့လာရင်ဒီရေခွက်ထဲမှာရေ၂၀၀မီလီလီတာရှိတယ်ဆိုတာကိုသိနိုင်မယ်။

ဓါတုဗေဒကိုလေ့လာရင် ဒီရေဟာ Hydrogen နဲ့ Oxygenကနေရလာတာဆိုတာကိုသိနိုင်မယ်။

ဂီတပညာကိုလေ့လာရင် ဒီဖန်ခွက်ထဲကရေရဲ့ပမာဏကိုအတိုးအလျှော့လုပ်ရုံနဲ့ ထွက်လာမယ့်အသံကကွဲပြားသွားမယ်ဆိုတာကိုသိနိုင်မယ်။

ဆေးပညာကိုလေ့လာရင် ဒီသောက်ရေသန့်ဟာ လူ့ခန္ဓာကိုယ်အတွက်အလွန်အရေးပါကြောင်းကိုသိနိုင်မယ်။

လူမှုဗေဒကိုလေ့လာရင်လူ့ခန္ဓာကိုယ်အတွက်အရေးပါတဲ့ရေသန့်ကိုသောက်ချင်ပေမယ့်လည်း သောက်ခွင့်မရတဲ့ကလေးငယ်တွေ ကမ္ဘာ့တစ်နေရာမှာရှိတာကိုသိနိုင်မယ်။

ကိုယ်ကျင့်တရားကိုလေ့လာရင် ဒီရေကိုအရမ်းလိုအပ်နေတဲ့သူနဲ့မျှဝေခြင်းဟာ အလွန်မွန်မြတ်ကြောင်းကိုသိပြီး ကရုဏာစိတ်လေးကိုမွေးမြူနိုင်မယ်။

မြန်မာစကားကိုလေ့လာရင် ကျွန်တော်အခုရေးတဲ့အကြောင်းအရာကို မှန်မှန်ကန်ကန်နားလည်ပြီး အင်္ဂလိပ်စကားပြောကိုလေ့လာရင် အခုရေးထားတဲ့အကြောင်းအရာကို နိုင်ငံတကာကလူတွေနဲ့မျှဝေဖလှယ်နိုင်မယ်။

ဒဿနကိုလေ့လာရင် အခုပြောနေတဲ့အကြောင်းအရာနဲ့ပါတ်သက်ပြီး ကိုယ့်ဟာကိုယ်အဓိပ္ပါယ်ဖွင့်ကာအတွေးနယ်ချဲ့နိုင်မယ်။

ဒါပေမယ့် ဘာမှလေ့လာသင်ယူမှုမရှိရင်…

စားပွဲပေါ်ကိုကြည့်ပြီး ရေထည့်ထားတဲ့ဖန်ခွက်တစ်ခွက်ရှိတယ်ဆိုတာနဲ့ပဲပြီးသွားလိမ့်မယ်။

အဲ့ဒါကြောင့် ကျွန်တော်တို့ဟာဘယ်အသက်အရွယ်ရောက်ရောက် တစ်စုံတစ်ခုကိုလေ့လာသင်ယူနေဖို့လိုအပ်တယ်။

ကမ္ဘာကြီးကိုဒီအတိုင်းငေးကြည့်နေရုံလေးနဲ့ ဘဝကိုမပြီးဆုံးသွားဖို့အတွက်ပါ။

コメント

タイトルとURLをコピーしました