ဂျပန်မှာငလျင်၊ ငလျင်ကြောင့်ဖြစ်တဲ့ဆူနာမီ၊ ငလျင်ကြောင့်ဖြစ်တဲ့မီးလောင်မှု၊ မီးတောင်ပေါက်ကွဲမှု စတာတွေကြောင့်ဆုံးရှုံးမှုဖြစ်ခဲ့ရင်လျော်ကြေးရတဲ့အာမခံကိုငလျင်အာမခံလို့ခေါ်ပါတယ်။ ငလျင်အာမခံနဲ့ပါတ်သက်တဲ့အခြေခံအကြောင်းကိုအောက်ကLinkမှာဖတ်နိုင်ပါတယ်။
ငလျင်အာမခံဆိုတာ ငလျင်လှုပ်တဲ့အခါအိမ်ပျက်စီးသွားရင် အိမ်တန်ဖိုးအတိုင်းပြန်ရတဲ့၊ အိမ်ကိုပြန်ပြင်တဲ့ကုန်ကျစရိတ်တွေပြန်ရတဲ့အာမခံ မဟုတ်ပါဘူး။ အများဆုံးရနိုင်တဲ့လျော်ကြေးက မီးအာမခံမှာသတ်မှတ်ထားတဲ့လျော်ကြေးရဲ့50%ပါ။ အဲ့ဒီအများဆုံးရနိုင်တဲ့လျော်ကြေးထဲကမှ ပျက်စီးမှုLevelပေါ်လိုက်ပြီး %နဲ့ပြန်ရတာပါ။ ပျက်စီးမှုLevelအလိုက်ပြန်ရမယ့်%တွေက…
•全損(အလုံးစုံပျက်စီး) : ငလျင်အာမခံကနေရမယ့်လျော်ကြေးငွေ100%
•大半損(အကြီးစားပျက်စီး) : ငလျင်အာမခံကနေရမယ့်လျော်ကြေးငွေ60%
•小半損(အသေးစားပျက်စီး) : ငလျင်အာမခံကနေရမယ့်လျော်ကြေးငွေ30%
•一部損(တစိတ်တပိုင်းပျက်စီး) : ငလျင်အာမခံကနေရမယ့်လျော်ကြေးငွေ5%
အပေါ်က%နဲ့သတ်မှတ်ချက်အပြင် အများဆုံးလျော်ကြေးငွေပမာဏကိုလည်းသတ်မှတ်ထားပြီး အဆောက်အဦအတွက်ကသောင်း5,000၊ အိမ်တွင်းပစ္စည်းအတွက်ကသောင်း1,000အထိပဲအများဆုံးအလျော်ရပါတယ်။
နားလည်ရလွယ်အောင်Simulationလုပ်ကြည့်မယ်။
အိမ်တန်ဖိုး : သောင်း5,000
မီးအာမခံလျော်ကြေး : သောင်း5,000
ငလျင်အာမခံ : အဆောက်အဦပျက်စီးမှု၊ အိမ်တွင်းပစ္စည်းပျက်စီးမှုနှစ်ခုစလုံးမှာအများဆုံးလျော်ကြေးငွေပမာဏအထိအာမခံဝင်ထား
အပေါ်ကအခြေအနေမှာပြန်ရမယ့်လျော်ကြေးတွေကတော့ ပုံထဲကအတိုင်းပါပဲ။
သောင်း5,000တန်အိမ်အတွက်ပြန်ရမယ့်လျော်ကြေးက များသလား? နည်းသလား?


コメント