အသက်ရှည်ခြင်းကိုRiskတစ်ခုလို့စဉ်းစားတဲ့သူဘယ်လောက်များများရှိနိုင်မလဲ?
ကျွန်တော်တို့တွေလူကြီးသူမတွေကိုကန်တော့တဲ့အခါ “အသက်ရာကျော်ရှည်ပါစေ”ဆိုတဲ့စကားဟာ လူကြီးတွေဆီကဆုပြန်ပေးတဲ့အထဲမှာအမြဲလိုလိုပါ,ပါတယ်။ အသက်ရှည်တယ်ဆိုတာကောင်းတဲ့အရာပါ။ ဒါပေမယ့်တစ်ချိန်တည်းမှာပဲ “အသက်ကြီးရင့်ချိန်မှာ စားဝတ်နေရေးအတွက်ငွေကြေးမလုံလောက်ခြင်း”ဆိုတဲ့Riskပါဒွန်တွဲပါလာပါတယ်။

ဒီRiskအတွက်ပြင်ဆင်ဖို့အဓိကဒေါက်တိုင်က “ပင်စင်လစာ”ပါ။ ပင်စင်လစာဆိုတာ ကိုယ်သေဆုံးတဲ့အထိတောက်လျှောက်ရရှိမယ့်အရာပါ။ဒါပေမယ့်, ပင်စင်လစာတစ်ခုတည်းနဲ့လည်းမလုံလောက်နိုင်လို့ ငယ်ရွယ်တုန်းမှာ “ငွေစုနိုင်စွမ်း(貯める力), “ငွေရှာနိုင်စွမ်း(稼ぐ力)”, “ငွေပွါးနိုင်စွမ်း(増やす力)”ကိုပါတိုးတက်အောင်လုပ်ထားသင့်ပါတယ်။
***ဂျပန်မှာဆောင်ခဲ့တဲ့ပင်စင်ကြေးတွေဟာ အသက်ကြီးတဲ့အခါဂျပန်မှာမနေထိုင်လည်း ခံစားခွင့်ရှိပါတယ်။
1️⃣ငွေစုနိုင်စွမ်း (အသုံးစရိတ်ထိန်းချုပ်မှု)
•ပုံသေကုန်ကျစရိတ်(Fix Cost)တွေကိုလျှော့ချနိုင်ခြင်း။
•လူနေမှုအဆင့်အတန်းကို ဝင်ငွေအလိုက်ထိန်းညှိနိုင်ခြင်း။
2️⃣ငွေရှာနိုင်စွမ်း (ရေရှည်ကိုစဉ်းစားတဲ့CareerUp)
•အတွေ့အကြုံနှင့်Skillကိုဝင်ငွေအဖြစ်ပြောင်းလဲနိုင်ခြင်း။
•အရေးအကြောင်းကြုံရင် Retireယူပြီးနောက်မှာလည်းအလုပ်လုပ်ကိုင်နိုင်ခြင်း။
***အလုပ်လုပ်ကိုင်တဲ့အရွယ်မှာဝင်ငွေများရင် Retireလုပ်တဲ့အခါပြန်ရမယ့်ပင်စင်လစာဟာလည်းများမှာပါ။
3️⃣ငွေပွါးနိုင်စွမ်း (ငွေကိုပါအလုပ်လုပ်ခိုင်းခြင်း)
•NISAစနစ်နဲ့Investmentလုပ်ပြီး အနာဂတ်အတွက်ငွေကြေးတွေကိုတိုးပွါးအောင်လုပ်နိုင်ခြင်း။
•iDecoတို့၊ 企業型DCတို့နဲ့ကိုယ့်ရဲ့ပင်စင်ငွေကိုတိုးပွါးအောင်လုပ်နိုင်ခြင်း
•Inflationဒဏ်ကိုခံနိုင်တဲ့Assetတွေကိုတည်ဆောက်နိုင်ခြင်း
“ပင်စင်လစာ”ဆိုတဲ့အဓိကဒေါက်တိိုင်ကို “ငွေစုနိုင်စွမ်း”, “ငွေရှာနိုင်စွမ်း”, “ငွေပွါးနိုင်စွမ်း” ဆိုတဲ့အကူဒေါက်တိုင်၃ခုနဲ့ပေါင်းစပ်လိုက်ရင် အသက်ရှည်ခြင်းဆိုတာ 『Risk』မဟုတ်တော့ဘဲ 『စိတ်ချမ်းသာရတဲ့မင်္ဂလာတစ်ပါး』ဖြစ်သွားမှာပါ။

コメント