ဂျပန်ကပုဂ္ဂလိကကုမ္ပဏီတွေမှာ တစ်နှစ်ပတ်လုံးအလုပ်လုပ်ခဲ့တဲ့အမြဲတမ်းဝန်ထမ်းတွေ၊ Part-timeလုပ်သားတွေရဲ့ 2025ခုနှစ်ပျမ်းမျှဝင်ငွေဟာ တစ်နှစ်ကို 487သောင်း ဖြစ်တယ်လို့ အမျိုးသားအခွန်အေဂျင်စီ(国税庁)က ထုတ်ပြန်လိုက်ပါတယ်။ (ဝင်ငွေပေါ်မူတည်ပြီးအခွန်ကောက်တဲ့သူတွေကထုတ်ပြန်တာဆိုတော့ တော်တော်လေးယုံကြည်ရတဲ့Informationပါ😁)
2024ခုနှစ်က478သောင်းဖြစ်တဲ့အတွက် တစ်နှစ်အတွင်း9သောင်းလောက်တိုးလာပါတယ်။ ဒါ့အပြင် 2025ခုနှစ်ရဲ့ပျမ်းမျှဝင်ငွေဟာ 5နှစ်ဆက်တိုက်တိုးလာပြီး သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်ကိုရောက်ရှိလာပါတယ်။
Industryအလိုက် 2025ခုနှစ်ပျမ်းမျှဝင်ငွေနဲ့ Rankingကတော့…
*️⃣()ထဲကဂဏန်းတွေက 2024နဲ့နှိုင်းယှဉ်ထားတဲ့ကွာခြားချက်ပါ။
No.1 စွမ်းအင်နှင့်ရေပေးဝေရေး : 854သောင်း (+22သောင်း)
No.2 ဘဏ္ဍာရေးနှင့်အာမခံ : 726သောင်း (+24သောင်း)
No.3 IT : 682သောင်း (+22သောင်း)
No.4 ဆောက်လုပ်ရေး : သောင်း590 (+25သောင်း)
No.5 ကုန်ထုတ်လုပ်ရေး : 573သောင်း (+5သောင်း)
No.6 ပညာရေးနှင့်သုတေသန : 568သောင်း (+19သောင်း)
No.7 အိမ်ခြံမြေရောင်းဝယ်ငှါးအကျိုးဆောင် : 513သောင်း (+17သောင်း)
No.8 ပေါင်းစပ်ဝန်ဆောင်မှု : သောင်း510 (+20သောင်း)
*JP Postလိုမျိုး စာတိုက်လုပ်ငန်းရော၊ ဘဏ်လုပ်ငန်းရော၊ ရင်းနှီးမြှုပ်နှံတာရော စသဖြင့် ပေါင်းစပ်ထားတဲ့ဝန်ဆောင်မှုလုပ်ငန်း
No.9 (ကုန်စည်/လူ) သယ်ယူပို့ဆောင်ရေး : 483သောင်း (-5သောင်း)
No.10 ကျန်းမာရေးစောင့်ရှောက်မှု : 424သောင်း (-5သောင်း)
No.11 လက်လီလက်ကားရောင်းဝယ်ရေး : 413သောင်း (+3သောင်း)
No.12 ဝန်ဆောင်မှုလုပ်ငန်း : 402သောင်း (+13သောင်း)
*ဆံပင်ညှပ်အလှပြင်တို့၊ Tourတို့လိုမျိုး
No.13 စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း၊ သတ္တုတူးဖော်ရေး : 394သောင်း (+46သောင်း)
No.14 ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်း : 276သောင်း (-3သောင်း)
Industryအလိုက်ပျမ်းမျှဝင်ငွေကိုကြည့်လိုက်ရင် No.1နဲ့No.14ကြားမှာ 578သောင်းအထိကွာခြားပါတယ်။
IT Industryက 2024မှာသောင်း660ကနေ 2025မှာ682သောင်းအထိတိုးလာပြီး၊ Industry Rankingမှာလည်း No.3ကိုဆက်လက်ထိန်းထားပါတယ်။
ကိုယ့်ရဲ့ဝင်ငွေနဲ့ နှိုင်းယှဉ်ကြည့်ရင်ရော ဘယ်လိုလဲ?🤔
ဒီRankingကိုကြည့်လိုက်ရင် ဘယ်Industryမှာအလုပ်လုပ်နေလဲဆိုတာက ဝင်ငွေအနည်းအများအပေါ် အတော်လေးသက်ရောက်မှုရှိတယ်ဆိုတာမြင်နိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့Careerကိုတိုးတက်အောင်လုပ်တဲ့အခါ ကိုယ့်ရဲ့Skillနဲ့ Experienceတွေကို တိုးတက်အောင်လုပ်ရုံတင်မကဘဲ ဘယ်Industryမှာကိုယ့်ရဲ့တန်ဖိုးကိုအသုံးချမလဲဆိုတာကိုလည်း စဉ်းစားဖို့အရေးကြီးပါတယ်။
လူတစ်ယောက်ရဲ့ဝင်ငွေအနည်းအများကို ဆုံးဖြတ်တဲ့အရေးကြီးတဲ့ Factorတွေထဲမှာ Industryကလည်းတစ်ခုအပါအဝင်ပါ။
【ဝင်ငွေတိုးဖို့Formula】ကို အောက်ကLinkမှာ ဖတ်ကြည့်နိုင်ပါတယ်။
※ဒီစာရင်းဟာ 国税庁ရဲ့「令和7年分 民間給与実態統計調査」ကိုအခြေခံထားပါတယ်။

コメント