【ဂျပန်ရဲ့ITလောကမှာသင့်ရဲ့ပေါက်စျေးကဘယ်လောက်လဲ? 〜IT Engineerတွေအတွက် “Findy”〜】

အခုချက်ချင်းအလုပ်ပြောင်းဖို့စိတ်ကူးမရှိသေးရင်တောင် ဂျပန်ရဲ့Career Marketမှာ ကိုယ့်ရဲ့အရည်အချင်းနဲ့အတွေ့အကြုံတွေက လက်ရှိမှာ ဘယ်လောက်အထိတန်ကြေးရှိသလဲ? ဆိုတာကိုသိထားသင့်ပါတယ်။ အထူးသဖြင့် လက်ရှိအလုပ်မှာအဆင်ပြေနေတုန်း စျေးကွက်ကိုလေ့လာထားတာ အကောင်းဆုံးပါ။

ဒါဆို, ကိုယ့်တန်ဖိုးကို ဘယ်လိုသိနိုင်မလဲ?

နည်းတစ်ခုကDirect Recruiting Serviceတွေမှာ ကိုယ့်ရဲ့အတွေ့အကြုံနဲ့ Skillတွေကို မှတ်ပုံတင်ထားလိုက်တာပါ။ ကိုယ့်ရဲ့Profileကိုတွေ့ပြီး ကုမ္ပဏီတွေဘက်ကScoutပို့လာရင် အဲ့ဒီScoutမှာရေးထားတဲ့လစာနဲ့တာဝန်ယူရမယ့်အပိုင်းတွေက လက်ရှိကိုယ့်တန်ဖိုးရဲ့အနီးစပ်ဆုံးအဖြေတစ်ခုပါပဲ။

အဲ့ဒီလိုသိရဖို့အတွက်ဆိုရင်”Findy”ကတော်တော်လေးသုံးလို့အဆင်ပြေတယ်။

■ Serviceအကြောင်း
Findyဆိုတာ IT Engineerတွေအတွက်ပဲသီးသန့်လုပ်ထားတဲ့ ScoutပုံစံServiceတစ်ခုပါ။ Findyကိုယ်တိုင်က Ventureကုမ္ပဏီတစ်ခုပါ။ Findyမှာ မှတ်ပုံတင်ထားသူတွေတစ်သိန်းခြောက်သောင်းကျော်နဲ့ ကုမ္ပဏီ ၁,၄၀၀ကျော်ပါဝင်ထားပါတယ်။ FindyမှာProfileဆောက်ပြီး ကိုယ့်ရဲ့Careerနဲ့ Skillတွေကိုတင်ထားရင် ကုမ္ပဏီတွေဘက်က တိုက်ရိုက်Scoutပို့လာမှာပါ။

■ ထူးခြားချက်
•ကိုယ့်ရဲ့Findy Accountကို GitHubနဲ့ချိတ်ဆက်
လိုက်ရင် GitHubမှာတင်ထားတဲ့ကိုယ့်ရဲ့Codeတွေ၊ Projectတွေကို Findyရဲ့AIကစစ်ပေးပြီး ကိုယ့်ရဲ့ Skillကို “စံချိန်တန်ဖိုး” (スキル偏差値)ကိန်းဂဏန်းနဲ့ပြပေးတယ်။
•အဲ့ဒီSkillစံချိန်တန်ဖိုးကနေ ကိုယ့်ရဲ့ခန့်မှန်းလစာ (年収予測)ကိုပါပြပေးတယ်။
•Scoutတွေမှာ လစာRangeကိုရေးထားလို့ ကိုယ့်ကိုဈေးကွက်က ဘယ်လောက်တန်ဖိုးဖြတ်လဲဆိုတာ ခန့်မှန်းလို့ရတယ်။

■ ဘယ်သူတွေနဲ့ ကိုက်ညီလဲ
•TechLead IT Engineerလမ်းကြောင်းနဲ့ Career Upလုပ်ချင်တဲ့သူတွေ
•自社開発(In-House Development)、Venture、 Start-Upကုမ္ပဏီတွေကိုစိတ်ဝင်စားသူတွေ
•Remote-Workလုပ်ရတာကြိုက်တဲ့သူတွေ
•GitHubမှာCodeရေးလေ့ရှိတဲ့သူတွေ ※GitHubမရှိလည်း Findyကိုသုံးရတာပြဿနာလုံးဝမရှိပါ
•ကိုယ့်ဘက်ကနေJob Huntingစမလုပ်ဘဲ Scoutကနေကိုယ့်တန်ဖိုးကိုအရင်သိထားချင်တဲ့သူတွေ

■ ဘယ်သူတွေနဲ့ မကိုက်ညီလဲ
•Project Managerရာထူး၊ Consultantရာထူး၊ အဖွဲ့အစည်းအတွင်းကManagement Positionကိုရှာနေတဲ့သူတွေ ※Jobတွေရှိပေမယ့်Tech Jobတွေများတယ်
•SIer/SESကုမ္ပဏီကိုအဓိကစိတ်ဝင်စားသူတွေ
•CV/Interviewအတွက်ပြင်ဆင်ဖို့ Supportလိုအပ်သူတွေ ※မပူပါနဲ့ ကျွန်တော်နဲ့တိုင်ပင်ပါ😁

■ အားနည်းချက် (デメリット)
•Tech Skillကိုအဓိကထားတော့ Managementအပိုင်းအားသာသူတွေက SkillတွေကိုFindyရဲ့Formatနဲ့ရေးတဲ့အခါ ရေးစရာသိပ်မရှိဘူး။ (ကျွန်တော်ရေးတုန်းကတော်တော်ခေါင်းစားခဲ့တာ😂)
•AI/Scoutကပြထားတဲ့လစာက”ခန့်မှန်း”ပါ။ အာမခံချက် မဟုတ်ပါဘူး။
•JobတွေကTokyoမှာစုနေတတ်တယ်။

ကုမ္ပဏီတွေScoutမှာရေးပို့တဲ့လစာနဲ့တာဝန်ဆိုတာ “(ကွက်တိမဟုတ်ရင်တောင်)အခုလက်ရှိမှာ ဈေးကွက်ကသင့်ကိုသတ်မှတ်ထားတဲ့ (နီးစပ်
တဲ့)ဈေးနှုန်းနဲ့မျှော်လင့်ချက်(期待)”ပါပဲ။ ကိုယ့်ရဲ့ဈေးကွက်တန်ဖိုးကိုသိထားခြင်းအားဖြင့် လက်ရှိအလုပ်မှာ ဆက်ကြိုးစားရမယ့်ခွန်အားတွေရလာနိုင်သလို၊ ရှေ့ဆက်ရမယ့်Careerအတွက်လည်း ရွေးချယ်စရာတွေ ပိုများလာပါလိမ့်မယ်။

✅Findyမှာ Profileဆောက်ပုံကအရမ်းအရေးကြီးပါတယ်။ လိုအပ်ရင်ဆွေးနွေးတိုင်ပင်ဖို့ ကျွန်တော့်ရဲ့Career Advice Serviceရှိပါတယ်။

コメント

タイトルとURLをコピーしました