လူတော်တော်များများက အမေရိကန်စတော့ရှယ်ယာတွေကို ကုမ္ပဏီတွေရဲ့စီးပွါးရေအောင်မြင်မှုကြောင့် ရွေးချယ်ကြတာများပါတယ်။ ပြီးတော့ “ပထဝီနိုင်ငံရေး(Geopolitics)”အမြင်နဲ့ချိန်ထိုးကြည့်ရင် အမေရိကန်ဟာတော်ရုံတန်ရုံလောက်နဲ့ ပြိုကျမသွားနိုင်ဘူးလို့မှန်းဆနိုင်ပါတယ်။ အမေရိကန်ကိုတော်ရုံနိုင်ငံကမယှဉ်နိုင်တဲ့ “သဘာဝတရားရဲ့အားသာချက်၄ခု” ရှိနေပါတယ်။
1️⃣ နက်ရှိုင်းတဲ့သမုဒ္ဒရာနဲ့သဘာဝခံစစ်
အမေရိကန်ရဲ့အရှေ့နဲ့အနောက်မှာ ပစိဖိတ်နဲ့အတ္တလန်တိတ်ဆိုတဲ့ အလွန်နက်ရှိုင်းတဲ့သမုဒ္ဒရာကြီး၂ခုရှိပါတယ်။ ဒါဟာ တခြားနိုင်ငံတွေကနေအလွယ်တကူမတိုက်ခိုက်နိုင်တဲ့ “သဘာဝခံစစ်ကြီး”ပါပဲ။ ပြီးတော့ နျူကလီးယားဒုံးကျည်တွေကိုဘေးကင်းစွာကိုင်တွယ်ဖို့အတွက်ဆိုရင် နက်ရှိုင်းတဲ့ရေအောက်ကအသင့်တော်ဆုံးလို့ ပညာရှင်တွေကပြောကြပါတယ်။ ရေနက်ပိုင်းတွေမှာ နျူကလီးယားဒုံးကျည်တွေတင်ဆောင်ထားတဲ့ရေငုပ်သင်္ဘောတွေကို ဝှက်ထားနိုင်တာကြောင့် ဘယ်နိုင်ငံကမှ အမေရိကန်ကိုအလွယ်တကူရန်မစရဲပါဘူး။ နျူကလီးယားဒုံးကျည်တွေကို ဘေးကင်းကင်းနဲ့အသုံးချနိုင်တာဟာ အမေရိကန်နဲ့ရုရှားပဲရှိသေးတယ်လို့ ပညာရှင်တွေကကောက်ချက်ချကြပါတယ်။ တိုင်းပြည်လုံခြုံမှုရှိမှ စီးပွါးရေးကလည်းရေရှည်တိုးတက်နိုင်တာပါ။
2️⃣ အိမ်နီးချင်းနည်းပါးပြီးခြိမ်းခြောက်မှုမရှိခြင်း
အမေရိကန်ရဲ့နယ်နိမိတ်က အရမ်းကျယ်ဝန်းပေမယ့် နယ်နမိတ်ချင်းထိစပ်နေတဲ့အိမ်နီးချင်းနိုင်ငံဆိုလို့၂နိုင်ငံ(ကနေဒါနဲ့မက္ကဆီကို)ပဲရှိပါတယ်။ စစ်ရေးနဲ့စီးပွားရေးအရ ဒီ၂နိုင်ငံဟာအမေရိကန်ကို ခြိမ်းခြောက်နိုင်တဲ့ ပြိုင်ဘက်နိုင်ငံမဟုတ်ပါဘူး။ ဥရောပ ဒါမှမဟုတ် အာရှနိုင်ငံတွေလို နယ်နိမိတ်ချင်းထိစပ်နေတဲ့အိမ်နီးချင်းနိုင်ငံတွေနဲ့ စစ်ပွဲဖြစ်မှာ၊ နယ်မြေအငြင်းပွားမှာကို ပူစရာမလိုတဲ့အားသာချက်ရှိပါတယ်။
3️⃣ မြောက်အမေရိကရဲ့အကောင်းဆုံးရာသီဥတုနဲ့တည်နေရာ
မြောက်အမေရိကတိုက်မှာ ကနေဒါကအရမ်းအေးလွန်းပြီး၊ မက္ကဆီကိုကအရမ်းပူလွန်းပါတယ်။ အမေရိကန်ကတော့ ကောက်ပဲသီးနှံစိုက်ပျိုးဖို့နဲ့ လူနေထိုင်ဖို့ကွက်တိကျတဲ့ မြောက်အမေရိကတိုက်ရဲ့ဗိုက်သားနေရာမှာတည်ရှိနေတာဖြစ်ပါတယ်။ နိုင်ငံရဲ့ပိုင်နက်အများစုကတောင်တန်းတွေဖြစ်နေတဲ့မက္ကဆီကိုနဲ့ ဆောင်းရာသီဆိုရင်မြစ်တော်တော်များများရေခဲနေတဲ့ကနေဒါထက် အများကြီးအားသာတဲ့အချက်ပါ။
4️⃣ စိုက်ပျိုးရေးနှင့်သဘာဝသယံဇာတကြွယ်ဝမှု
အမေရိကန်ဟာ ရာသီဥတုနဲ့မြေအနေအထားကြောင့် စိုက်ပျိုးရေးမှာကမ္ဘာ့ထိပ်တန်းဖြစ်သလို၊ Gas/Oil တွေကြောင့် စွမ်းအင်ပိုင်းမှာလည်းကမ္ဘာ့အကြီးဆုံး ထုတ်လုပ်သူဖြစ်ပါတယ်။ နိုင်ငံအများစုဟာ အစားအသောက်နဲ့စွမ်းအင်ကို အခြားနိုင်ငံတွေဆီကနေတင်သွင်းနေရပေမယ့် အမေရိကန်ကတော့စက်သုံးဆီရော အစားအသောက်ပါ ပြည်တွင်းမှာထုတ်လုပ်နိုင်တဲ့အခြေအနေမှာရှိပါတယ်။
စတော့ရှယ်ယာဈေးကွက်ဆိုတာ ရေတိုမှာတက်လိုက်ကျလိုက်ရှိနိုင်ပေမယ့် အမေရိကန်ရဲ့ဒီလို “ပထဝီဝင်ဆိုင်ရာအားသာချက်တွေ”ကတော့ နောင်နှစ်ပေါင်းများစွာအထိ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် အမေရိကန်ရဲ့ထိပ်တန်းကုမ္ပဏီ၅၀၀ပါဝင်တဲ့ S&P 500မှာ ရေရှည်ရင်းနှီးမြှုပ်နှံထားတာဟာ ကျိုးကြောင်းဆီလျော်တဲ့ရွေးချယ်မှုတစ်ခုလို့ထင်ပါတယ်။

コメント