Posted on Facebook : 2024/8/13
အလုပ်မှာအထက်လူကြီးတွေဆီကနေ အသိအမှတ်ပြုခံချင်ရင်၊ တန်ဖိုးထားအလေးထားခံချင်ရင် ဒီ၂ခုထဲကတစ်ခုကိုလုပ်ကြည့်ပါ။
1️⃣ကိုယ့်ရဲ့Skillကိုတိုးတက်အောင်လုပ်ပါ။
ဒါလေးများလူတိုင်းသိတယ် Skillတက်မှတော့အသိအမှတ်ပြုခံရပြီပေါ့လို့ ထင်ကောင်းထင်လိမ့်မယ်။ အဲ့ဒီအထင်ကမှန်ပေမယ့် အပြည့်တော့မမှန်ဘူး။ ကိုယ်တိုးတက်အောင်လုပ်နေတဲ့Skillက ကိုယ့်အဖွဲ့အစည်း(ဥပမာ, ကုမ္ပဏီ)ကလိုအပ်နေတဲ့Skillမဟုတ်ရင် အလကားပဲ။ Skillတွေအများကြီးရှိတဲ့အထဲက အထက်လူကြီးဆီကနေမြန်မြန်အသိအမှတ်ပြုခံရနိုင်တဲ့Skillက ကိုယ့်ထက်တစ်ဆင့်မြင့်တဲ့ကိုယ့်အထက်လူကြီးရဲ့အလုပ်တွေကိုလုပ်ကိုင်နိုင်တဲ့Skillပါ။ ကိုယ့်ရဲ့လက်ရှိPositionကအလုပ်ကို ကျွမ်းကျွမ်းကျင်ကျင်လုပ်ကိုင်နိုင်တဲ့အပြင် ကိုယ့်အထက်လူကြီးရဲ့အလုပ်တွေကိုလည်း လုပ်ကိုင်နိုင်လာရင် ကိုယ့်အထက်လူကြီးတင်မက တခြားအဲ့ဒီအထက်ကလူကြီးတွေဆီကပါ အသိအမှတ်ပြုခံရလာလိမ့်မယ်။ အဲ့ဒါကြောင့် ကိုယ့်အလုပ်တစ်ခုတည်းကိုပဲအာရုံစိုက်မနေဘဲ ကိုယ့်အထက်လူကြီးဘာတွေလုပ်နေလဲ၊ ဘာလို့အဲ့ဒီအလုပ်ကိုလုပ်နေတာလဲ၊ ငါသာသူ့နေရာမှာဆိုဘယ်လိုလုပ်မလဲဆိုတာကိုအမြဲလေ့လာနေသင့်တယ်။ လေ့လာရုံတင်မက ကိုယ်ကပါဝိုင်းကူလုပ်ရင်း တဖြည်းဖြည်းနဲ့ကိုယ့်ထက်တစ်ဆင့်မြင့်တဲ့Positionကအလုပ်တွေပါလုပ်တတ်လာလိမ့်မယ်။ အဲ့ဒီလိုနဲ့လုပ်ငန်းခွင်ထဲမှာ ကိုယ့်တန်ဖိုးကမြင့်လာပါလိမ့်မယ်။
2️⃣ပတ်ဝန်းကျင်ကိုပြောင်းပါ။
အပေါ်ကNo.1ကိုလုပ်လည်းအသိအမှတ်ပြုမခံရဘူးဆိုရင် ပတ်ဝန်းကျင်ကိုပြောင်း(ဥပမာ, ဌာနပြောင်း၊ အလုပ်ပြောင်း)လိုက်ပါ။
ရေသန့်ဘူးတစ်ဘူးဟာ ရပ်ကွက်ထဲက Supermarketမှာ¥80နဲ့ရောင်းပြီး၊ 7/11လို Convenience storeမှာကျ¥110နဲ့ရောင်းတယ်။ အဲ့ဒီရေသန့်ဘူးကိုပဲ တောင်ပေါ်ကတည်းခိုခန်းမှာ¥500နဲ့ရောင်းတယ်။ တံဆိပ်လည်းအတူတူ၊ အထဲကရေလည်းအတူတူ၊ ပမာဏလည်းအတူတူပေမယ့် နေရာပေါ်လိုက်ပြီး တန်ဖိုးကွာသွားတယ်။ ကိုယ့်ကိုအလေးမထားတဲ့နေရာ၊ ကိုယ့်ကိုစျေးပေါပေါပဲတန်ဖိုးထားတဲ့နေရာမှာမနေဘဲ ကိုယ့်ကိုတန်ဖိုးမြင့်မြင့်ထားမယ့်ပတ်ဝန်းကျင်ကိုပြောင်းလိုက်ရင် ကိုယ့်တန်ဖိုးလည်းမြင့်လာမှာပါ။
コメント